IKACC ဒုတိယ ဥက္ကဋ္ဌ ပူးထွန်းလှ ကွယ်လွန်ကြောင်း IKACC ထုတ်ပြန်

IKACC ဒုတိယ ဥက္ကဋ္ဌ ပူးထွန်းလှ ကွယ်လွန်ကြောင်း IKACC ထုတ်ပြန်

ဇန်နဝါရီလ ၁၄ ရက်၊ ၂၀၂၅။

ခူမီးမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ၊ ဒုတိယဥက္ကဋ္ဌ ပူးထွန်းလှ (အိုက်ထွန်း)၊ ယနေ့ ဇန်နဝါရီလ ၁၄ ရက်၊ နံနက် ၄ နာရီကျော်အချိန်၊ အမေရိကန်၊ အင်ဒီယားနားရှိ သူ၏နေအိမ်တွင် ခရစ်တော်၌ အိပ်ပျော်သွားကြောင်း သိရသည်။

ပူးထွန်းလှ ( ၄၉ နှစ်) သည် ခူမီးမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ၊ ဒုတိယဥက္ကဋ္ဌ တာဝန်ရှိသူ တစ်ဦးဖြစ်သည့်အပြင် အခြားလူမှုအဖွဲ့အစည်းများတွင်လည်း ပါဝင်နေသူတစ်ဦးဖြစ်ပြီး ဇနီးနှင့်အတူ သား နှစ်ဦး၊ သမီး နှစ်ဦး ကျန်ရစ်ခဲ့သည်။

ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ-IKACC သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တော်လှန်ရေးကာလအတွင်း နိုင်ငံရေးဦးဆောင်အဖွဲ့အစည်း ဖြစ်သည်။

သတင်း- ဆလိုင်းခူသေ့

Leave a Reply

Your email address will not be published. Required fields are marked *