ဆေးကုသစရိတ် အရေးပေါ်လိုအပ်နေ
ဇန်နဝါရီလ ၁၆ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကုလက်ချောင်း ကွမ်းချောင်းဝကျေးရွာနေ ဦးဖြစ်ထွန်း၏ သားဖြစ်သူ မောင်ဖြစ်အောင် (၁၉ နှစ်) သည် လေဖြန်းရောဂါခံစားနေရပြီး ဆေးကုသစရိတ် အရေးပေါ်လိုအပ်နေကြောင်း မိသားစုများထံမှ သိရသည်။
မောင်ဖြစ်အောင်သည် မီဇိုရမ်၊ လောင်တလိုင်မြို့ Lairam Christian Medical Centre and Hospital တွင် ဆေးကုသမှုခံယူနေသည်မှာ နှစ်ပတ်ကျော်ကြာမြင့်နေပြီဖြစ်ပြီး ဆေးကုသစရိတ်အခက်အခဲ ကြုံနေရကြောင်းနှင့် မောင်ဖြစ်အောင် ဆေးကုသစရိတ်အတွက် ပလက်ဝကောင်စီမှ ရူပီးငါးထောင် ပေးအပ်ခဲ့ကြောင်း ဖခင်ဖြစ်သူ ဦးဖြစ်ထွန်းက ခူမီးမီဒီယာသို့ ဆက်သွယ်ပြောကြားလာခြင်း ဖြစ်သည်။
ဦးဖြစ်ထွန်း၏ သားနှစ်ဦးမှာ ချင်းအမျိုးသားတပ်မတော်တွင် တာဝန်ထမ်းဆောင်နေကြပြီး သားကြီးဖြစ် သူ မောင်ယွန်းမြတ်လင်းမှာ လွန်ခဲ့သည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်နေ့က ထန်တလန်မြို့ သိမ်းတိုက်ပွဲတွင် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူသွားခဲ့ကာ သားငယ်ဖြစ်သူမှာ လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ဖြစ်ကြောင်း သိရသည်။
မောင်ဖြစ်အောင်အတွက် ဆေးကုသစရိတ်အတွက် လှူဒါန်းလိုပါက-
salai henry solomona, Acc; 923010056156408,
IFSU UTIB0002838 AXIS BANK, +918798043716 သို့ လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်း- ဆလိုင်းခူသေ့