ပလက်ဝမြို့နယ် ခရစ်ယာန်သာသနာပြု နှစ်တစ်ရာပြည့်ပွဲတော် မီဇိုရမ်တွင် ကျင်းပမည်
ဇန်နဝါရီလ ၁၇ ရက်၊ ၂၀၂၅။
ပလက်ဝမြို့နယ် ခရစ်ယာန်သာသနာပြု နှစ်တစ်ရာပြည့်ပွဲတော်ကို မီဇိုရမ်ရောက် ပလက်ဝဒေသခံ ခူမီးချင်းများဦးဆောင်ပြီး တွီဒန်းရွာသစ်တွင် ဇန်နဝါရီလ ၁၈ ရက်နေ့ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။
ယခုပွဲတော်ကို ပလက်ဝမြို့နယ်မှ မီဇိုရမ်သို့ရောက်ရှိနေကြသည့် စစ်ဘေးရှောင်များနှင့် မီဇိုရမ်ဒေသခံ ခူမီးချင်းများအပြင် အခြားချင်းမျိုးနွယ်စု ခရစ်ယာန်ဘာသာဝင်များကလည်း ပါဝင်ဆင်နွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပလက်ဝမြို့နယ် ခရစ်ယာန်သာသနာပြု နှစ်တစ်ရာပြည့်ပွဲတော်ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့က ရန်ကုန်မြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
သတင်း- ဆလိုင်းခူသေ့