အေအေတပ်ဖွဲ့ဝင်များ၏ ညှဉ်းပမ်းနှိပ်စက်သတ်ဖြတ်သည့် ဗီဒီယိုမှတ်တမ်း ပေါက်ကြား

အေအေတပ်ဖွဲ့ဝင်များ၏ ညှဉ်းပမ်းနှိပ်စက်သတ်ဖြတ်သည့် ဗီဒီယိုမှတ်တမ်း ပေါက်ကြား

ဇန်နဝါရီလ ၂၃ ရက်၊ ၂၀၂၅။

အေအေတပ်ဖွဲ့ဝင်များ၏ ညှဉ်းပမ်းနှိပ်စက်သတ်ဖြတ်သည့် ဗီဒီယိုမှတ်တမ်း ပေါက်ကြားလာခဲ့ပြီး အဆိုပါ ဗီဒီယိုမှတ်တမ်းအရ AA ယူနီဖောင်းဝတ်ထားသူတချို့က စစ်သုံ့ပန်းနှစ်ဦးအား ညှဥ်းပမ်းနှိပ်စက် သတ်ဖြတ်မှုကို နိုင်ငံတကာရာဇဝတ်ခုံရုံး-ICC က စုံစမ်းစစ်ဆေးရန် ထိုင်းအခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး Fortify Rights အဖွဲ့က ယနေ့ဇန်နဝါရီ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ဗီဒီယိုမှတ်တမ်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူ နှစ်ဦးကို အေအေယူနီဖောင်းဝတ်ဆင်ထားသူ တချို့က  ညှဥ်းပမ်းနှိပ်စက်ပြီး လည်ပင်းကိုလှီးဖြတ်ခဲ့ခြင်းတို့ပါဝင်ပြီး Fortify Rights က ဗီဒီယိုမှတ်တမ်းများမှာ စစ်မှန်မှုရှိကြောင်း သတင်းထုတ်ပြန်တွင် ဖော်ပြသည်။

“အရပ်သားတွေ ဒါမှမဟုတ် ဖမ်းဆီးထားသော ရန်သူ့တပ်သားတွေကို ညှဉ်း ပန်းနှိပ်စက်ပြီး တရားလက်လွတ်ကွပ်မျက်တာ စစ်ရာဇဝတ်မှုမြောက်ပါတယ်” ဟု Fortify Rights မှ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးတာဝန်ခံ Ejaz Min Khant (ဧဂျက်ဇ်မင်းခန့်) က ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် အေအေမှ ကျူးလွန်ထားသည့် စစ်ရာဇဝတ်များကိုစုံစမ်းစစ်ဆေးရန် မြန်မာနိုင်ငံ ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား-IIMM အပါအဝင် နိုင်ငံတကာ တရားမျှတမှု ယန္တရားများနှင့် ပူးပေါင်းဆောင်ရွက်ရန် Fortify Rights မှ တောင်းဆိုထားသည်။

သတင်း- ဆလိုင်းခူသေ့

Leave a Reply

Your email address will not be published. Required fields are marked *