စစ်ကောင်စီ တပ်သား ၄ ဦး ချင်းအမျိုးသားတပ်မတော်ထံ အလင်းဝင်ရောက်

စစ်ကောင်စီ တပ်သား ၄ ဦး ချင်းအမျိုးသားတပ်မတော်ထံ အလင်းဝင်ရောက်

ဖေဖော်ဝါရီလ ၁၀ ရက်၊ ၂၀၂၅။

ဟားခါး – ထန်တလန် ကြားတွင်ရှိသည့် ပိုင့် – ၃ စခန်းမှ စစ်ကောင်းစီတပ်သား ၄ ဦးသည် ချင်းအမျိုးသားတပ်မတော် CNA တပ်ဖွဲ့ထံတွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် လက်နက် ၃ လက်နှင့်အတူ အလင်းဝင်ရောက်လာကြောင်း သိရသည်။

တပ်သား ၄ ဦးသည် အကြမ်းဖက် စစ်ကောင်စီတပ်မှ စစ်မှုထမ်းရန်ဖမ်းဆီး စုဆောင်ခံရကာ စစ်မြေပြင်သို့ ပို့ဆောင်ခြင်းခံရပြီးနောက် လက်နက် ၃ လက်နှင့် ခဲယမ်းအပြည့်စုံဖြင့် ချင်းအမျိုးသားတပ်မတော် CNA တပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး CNF ပြန်ကြားရေးဌာန Chinland Information Center မှ ယနေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။

လက်နက်ဖြင့် အလင်းဝင်လာသူများကို ချင်းအမျိုးသားတပ်မတော်မှ လက်နက် ၁ လက်ကို သိန်း ၅၀ ကျပ်စီဖြင့် ဆုငွေချီးမြှင့်ပေးကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *