ကလေး-ဂန့်ဂေါ ကဗ္ဗနီမြစ်ကူးတံတားတွင် တိုက်ပွဲဖြစ်ပွား၍ အကြမ်းဖက် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်‌

ကလေး-ဂန့်ဂေါ ကဗ္ဗနီမြစ်ကူးတံတားတွင် တိုက်ပွဲဖြစ်ပွား၍ အကြမ်းဖက် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်‌

ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၂၅။

စစ်ကိုင်းတိုင်း‌၊ ကလေးမြို့နယ် ကလေး – ဂန့်ဂေါကားလမ်းမ ကဗ္ဗနီမြစ်ကူးတံတားတွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်နေကြောင်း သိရသည်။

ကဗ္ဗနီမြစ်ကူးတံတားတွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ် ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက် ည ၇ နာရီမှစ၍ ဝင်ရောက်တိုက်ခိုက်ခဲ့ကြကာ ယနေ့အထိ တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး ယနေ့မနက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ Y-12 လေယာဉ်အမျိုးအစားဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ကဗ္ဗနီမြစ်ကူးတံတားသည် ကလေးမြို့နယ်တောင်ပိုင်း ဆည်တောကျေးရွာအလွန် နန်းကသည်းချောင်း(မဏိပူရမြစ်) အား ဖြတ်ကူးထားသည့် တံတားဖြစ်ပြီး ကလေးမြို့မှ ပြည်မဘက်သွားရာတွင် အဓိကအသုံးပြုသည့် တံတားဖြစ်သည်ကို သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *