ကလေးနှင့် ကလေး၀မြို့နယ်တွင် လျှပ်စစ်မီးပြတ်တောက်နေ

ကလေးနှင့် ကလေး၀မြို့နယ်တွင် လျှပ်စစ်မီးပြတ်တောက်နေ

ဖေဖော်ဝါရီလ ၁၉ ရက်၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နှင့် ကလေးဝမြို့နယ်တို့တွင် လျှစ်စစ်မီးပြတ်တောက်နေကြောင်း ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဒေသခံများထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် ယနေ့အထိ တော်လှန်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်ကောင်စီတပ်များသည် နှစ်ဘက်တိုက်ပွဲများ ဆက်လက်ရှိနေပြီး အကြမ်းဖက် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး -ဂန့်ဂေါကြားရှိ ၆၆ ကေဗွီ လျှပ်စစ်ဓာတ်အားလိုင်း ထိခိုက်၍ ကလေးနှင့် ကလေးဝမြို့နယ်တွင် လျှစ်စစ်မီးပြတ်တောက်နေသည်မှာ တစ်ပတ်ခန့်ရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ကလေး-ဂန့်ဂေါ ကြားရှိ ၆၆ ကေဗွီ လျှပ်စစ်ဓာတ်အားလိုင်းသည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ စတင်၍ ပြတ်တောက်သွားခြင်းဖြစ်ပြီး လျှပ်စစ်မီး ပြန်လည်ရရှိရန် မသေချာကြောင်းနှင့် နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ၆၆ ကေဗွီ လျှပ်စစ်ဓာတ်အားလိုင်းနှင့် ဓာတ်ကြိုးများ၊ တိုင်များ ထိခိုက်ပျက်စီးမှုရှိပြီး ပြန်လည်ပြုပြင်ရန်အတွက်လည်း ခက်ခဲမည်ဖြစ်ကာ ဆက်လက်၍လည်း လျှပ်စစ်မီးပြတ်တောက်နိုင်ကြောင်း ကလေးဒေသခံ သတင်းအရင်းအမြစ်ထံမှ သိရသည်။

ကလေးတောင်ပိုင်းရှိ ကလေး-ဂန့်ဂေါလမ်းပိုင်းအနီးရှိ ကျေးရွာများကို ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့‌တို့ကြား တိုက်ပွဲများဖြစ်ပွားနေပြီး အကြမ်းဖက် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများနှင့် လက်နက်ကြီးများဖြင့် ပစ်ခက်မှုများကြောင့် ဒေသခံပြည်သူ တစ်သောင်းခန့်တို့သည့် တောတောင်များထဲတွင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *