KHUMI MEDIA GROUP KHUMI MEDIA GROUP – KMG KMG PROFILE Background ချင်းပြည်နယ်၊ ပလက်ဝဒေသအတွင်း ဖြစ်ပေါ်နေသည့် ထူးခြားဖြစ်စဉ်များကို ပင်မမီဒီယာစီးကြောင်းပေါ်တွင် ဖော်ပြနိုင်ရေး နှင့် ဒေသတွင်းလူထုများ၏ လူမှုစီးပွားဘဝအခြေအနေများကို အများသိရှိနိုင်ရေးအတွက် ဒေသအခြေပြု သတင်းမီဒီယာ အဖွဲ့တစ်ခု မဖြစ်မနေလိုအပ်ချက်အရ တက်ကြွသည့် ဒေသခံလူငယ်များက ၂၀၂၁ခုနှစ်တွင် KHUMI MEDIA GROUP – KMG ကို တည်ထောင်ခြင်း ဖြစ်ပါသည်။ KMG သည် သတင်းမီဒီယာကျင့်ဝတ်ကို လေးစားလိုက်နာပြီး လူသားဂုဏ်သိက္ခာမထိခိုက်စေရေး အနိမ့်ဆုံးရှိရမည့် စံချိန် စံညွှန်းများကို စောင့်ရှောက်လိုက်နာ ပါသည်။ Vision ပလက်ဝဒေသခံများအနေဖြင့် အများနည်းတူ မိမိယုံကြည်ချက်အတိုင်း ရေးသား၊ ဖော်ထုတ်၊ ဖြန့်ဝေ၊ ရယူပိုင်ခွင့် ရရှိစေရ မည်။ Mission မျှော်မှန်းထားသည့် ပန်းတိုင်ကိုရောက်ရှိနိုင်ရေးအတွက် ပုံနှိပ်ထုတ်ဝေခြင်း၊ လူမှုကွန်ရက်ချန်နယ် တည်ထောင်ခြင်း၊ ရုပ်မြင် သံကြားချန်နယ်တည်ထောင်ခြင်းနှင့် ရေဒီယိုချန်နယ်တည်ထောင်ခြင်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်။ Objective ၁။ ဒေသတွင်းသတင်းများ တိကျမှန်ကန်စွာတင်ပြနိုင်ရန်။ ၂။ ဒေသတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် မတရားပြုကျင့်ခံရမှုကို ဖော်ထုတ်တင်ပြရန်။ ၃။ ဒေသခံများ၏ မိရိုးဖလာဘဝနေမှုများနှင့် ထူးခြားဓလေ့ထုံးတမ်းများကို ဖော်ထုတ်တင်ပြရန်။ KMG Value ၁။ ဒေသတွင်းဖြစ်ပွားနေသည့် သတင်းများကို ဦးစားပေးဖော်ပြမည်။ ၂။ သတင်းတင်ဆက်ရာတွင် ခူမီးမျိုးနွယ်စုများ သုံးနှုန်းပြောဆိုသည့် ဘာသာစကားဖြင့်သာ အတတ်နိုင်ဆုံး တင်ဆက်ရမည်။ ၃။ လူသားဂုဏ်သိက္ခာကို ထိခိုက်စေသည့် အရေးအသား၊ အပြောအဆိုများနှင့် ဓါတ်ပုံများ ဖော်ပြခြင်းကို ဆန့်ကျင်သည်။ ၄။ နိုင်ငံရေးနှင့် လူမှုစီးပွားဆိုင်ရာ အကျိုးစီးပွားဆန့်ကျင်ဘက်အုပ်စုများအကြား တဖက်ဖက်သို့ ဘက်လိုက်ရေးသားဖော်ပြ ခြင်းကို ဆန့်ကျင်သည်။ ၅။ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ကာကွယ်ထိန်းသိမ်းပြီး သတင်းမီဒီယာကျင့်ဝတ်ကို လေးစားလိုက်နာသည်။