ယခင်ရက်များထက် ပလက်ဝမြို့က ပိုအေးလာနေပြီ။ ဆောင်းမြူများလည်း ပိုဆိုင်းနေသည်။ မနက်ပိုင်းဆို ဘုရားပွဲညဈေးတန်းကဲ့သို့ လူတိုးမပေါက်စည်ကားလှသည့်ဈေးက ယနေ့မနက်မှာဖြင့် ရောင်းသူဝယ်သူ မရှိ။ ဈေးရောင်းသည့်ဆိုင် ဆယ်ဆိုင်ပင်မပြည့်။ ဆိုင်ပေါ်တွင်လည်း မုန်ညင်းရွက်၊ ခရမ်းသီး၊ မုန်လာဥ၊ နံနံပင်၊ သံဖယိုသီး၊ ငနီတူခြောက်၊ ကွမ်းရွက်… စသည်များသာ။အခြေအနေက တစ်ရက်ထက်တစ်ရက် ချောက်ချားစရာပိုပိုကောင်းလာသည်။ ဈေးလာဝယ်သူထက်…
View More စစ်ကယူဆောင်လာသည့် လက်ဆောင်များကို ထုပ်ပိုးခြင်း အပိုင်း (၄)