ဒေသခံမြိုလူမျိုးများကို ULA/AA မှ ပြည်သူ့စစ်များအဖြစ် တာဝန်ထမ်းဆောင်ရန် အဓမ္မဖမ်းဆီးမှုများပြုလုပ်

ဒေသခံမြိုလူမျိုးများကို ULA/AA မှ ပြည်သူ့စစ်များအဖြစ် တာဝန်ထမ်းဆောင်ရန် အဓမ္မဖမ်းဆီးမှုများပြုလုပ်

ဇန်နဝါရီလ ၁၇ ရက်၊ ၂၀၂၅။

ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီတောင်မြို့နယ်အတွင်းရှိ သစ်တုံးနားခွဆုံကျေးရွာ၊ ကိုင်းကြီးကျေးရွာ၊ နန်းရာကိုင်းကျေးရွာ၊ ဘောင်ရွာ၊ လေးမြိုးကေဒီကျေးရွာ၊ ခွဆုံကျေးရွာနှင့် ရွှေထိုင်ကျေးရွာများမှ ဒေသခံ မြိုလူမျိုး ၁၀၀ ဦးဝန်းကျင်ကို ULA/AA မှ ပြည်သူ့စစ်များအဖြစ် တာဝန်ထမ်းဆောင်ရန် အဓမ္မဖမ်းဆီးမှုများပြုလုပ်ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ယခုရက်ပိုင်းအတွင်း ပြန့်နှံ့လာသည်ကို တွေ့ရသည်။

မောင်တောနှင့် ဘူးသီးတောင် မြို့နယ်ရှိ မြိုလူမျိုးများကို ULA/AA မှ တပ်တော်အတွင်း ပြည်သူ့စစ်များအဖြစ် တာဝန်ထမ်းဆောင်မှုများ အားနည်းသည့်အတွက် အထက်အမိန့်အရဟုဆိုကာ လွန်ခဲ့သည့်နှစ် ၂၀၂၄ ခုနှစ်၊ ဒီဇင် ဘာလ ၂၃၊ ၂၄၊ ၂၅၊ ၂၆ ရက်နေ့များတွင် ညသန်းခေါင်းယံ ၁၂ နာရီ ဝန်းကျင်တွင် အေအေတပ်ဖွဲ့ဝင် ၁၀၀ ကျော်ခန့် ရောက်လာပြီး ဖမ်းဆီးမှုများပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

အင်အားအလုံးအရင်းဖြင့် ရွာပတ်ပတ်လည်ဝိုင်းပိတ်ဆို့ပြီး ဒေသခံရွာသားများကို ကြိုးတုတ်ဖမ်းဆီးခေါ်ဆောင်ခြင်းဖြစ်ပြီး သစ်တုံးနားခွဆုံကျေးရွာမှ ၃၄ ဦး၊ ကိုင်းကြီးကျေးရွာမှ ၁၂ ဦး၊ နန်းရာကိုင်းကျေးရွာမှ ၃၄ ဦး၊ ဘောင်ရွာ မှ ၂ ဦး၊ လေးမြိုးကေဒီကျေးရွာမှ ၅ ဦး၊ ခွဆုံကျေးရွာမှ ၈ ဦးနှင့် ရွှေထိုင်ကျေးရွာမှ ၂ ဦး အသီးသီးဖမ်းဆီး ခေါ်ဆောင်ခံခဲ့ရခြင်း ဖြစ်သည်။

“အဲဒီတုန်းက အေအေတွေက ညသန်းခေါင်ချိန်ဆိုရင် လိုက်ပြီးဖမ်းကြတော့ မဖမ်းဆီးဖို့ကို ငိုယိုပြီး တောင်းပန်ပေမယ့် မရဘူး၊ ဖမ်းခေါ်သွားကြတယ်။ ဒီလိုတောင်းပန်ပြောတာကို တွန်းထိုးရိုက်နှက်တာ၊ သေနတ်နဲ့ချိန်ရွယ်ပြီး ခြိမ်း ခြောက်တာတွေလုပ်တယ်။ အဲဒီတုန်းက အဖမ်းမခံရတဲ့ ရွာကလူတွေလည်း ကြောက်လန့်ပြီးတော့ တောထဲကို ထွက်ပြေးတိမ်းရှောင်သွားကြတာ အခုအချိန်အထိ ရွာကိုပြန်မရောက်လာကြတော့ဘူး။ နောက်ပြီးတော့ တောတောင်ထဲမှာ အလုပ်လုပ်ဖို့သွားကြတဲ့သူတွေကိုလည်း အေအေတွေက တွေ့တဲ့နေရာမှာပဲ အတင်းအဓမ္မ ဖမ်းခေါ်သွားကြတာလဲ ကြားနေရတယ်။ ရွားသားတွေကိုလည်း သူတို့စည်းကမ်းထုတ်တာတွေ မလိုက်နာနိုင်ဘူးဆိုရင် ဟိုဘက်နိုင်ငံ ဘင်္ဂလားဒေရှ်နိုင်ငံဘက်ကို သွားကြလို့ နှင်ထုတ်တယ်။ ဒီအကြောင်းတွေကို ဘယ်သူမှ မသိဘူး။ ၂၀၂၄ ခုနှစ် အကုန်ပိုင်းကဖြစ်ခဲ့တာတွေကို ခုမှပြန်ပြောရတာဆိုတော့ တခြားသူတွေလည်း သိအောင်လို့ ခုလိုပြောရတာဖြစ်တယ်။ သူတို့ကိုကြောက်နေကြလို့သာ အဲ့တုန်းကမပြောရဲကြဘူး…” ဟု အသက် ၄၀ အရွယ် မောင်တောဒေသခံအမျိုးတစ်ဦးက ပြောသည်။

ULA/AA တပ်ဖွဲ့သည် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်ကို အလုံးစုံထိန်း ချုပ်ထားနိုင်ပြီဖြစ်ကာ မြိုလူမျိုးများ သည်လည်း အာရက္ခတပ်တော်ထဲတွင် တတ်နိုင်သည့်နေရာ၊ အခန်းကဏ္ဍများတွင် ပါဝင်လျက်ရှိသော်လည်း မြိုလူမျိုးများအပေါ် ခွဲခြားဆက်ဆံမှုများနှင့် အခွင့်ရေးချိုးဖောက်မှုများကို ကြုံတွေ့ခံစားနေရကြောင်း၊ ဖမ်းဆီးခေါ်ဆောင်သူများအထဲတွင် အသက် ၁၈ နှစ် မပြည့်သေးသည့် ကလေးသူငယ်များလည်း ပါဝင်ကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ၊ ရောဂါသည်များ၊ မိအိုဘအိုကို လုပ်ကျွေးပြုစုစောင့်ရှောက် နေရသူများ၊ ကျောင်းဆရာ/မများ၊ အသက်ကြီးရင့်သူများနှင့် အိမ်ရှင်မများ (အမျိုး သမီးများ)ပါမကျန် စုဆောင်းခံနေရသည့်အတွက် ဒေသခံ မြိုလူမျိုးများ အခက်အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဒေသခံသတင်း အရင်း အမြစ်ထံမှ သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *