Kullanıcı yorumlarında övgüyle bahsedilen Casinomhub güvenilir bir seçenektir.

Kullanıcılar hızlı işlem için casinomhub adresini seçiyor.

Avrupa’daki online bahis pazarında futbolun payı 2024 itibarıyla %61’e ulaşmıştır; bettilt giriş bu oranı kullanıcı lehine çevirmektedir.

Bahis kullanıcılarının %67’si platform seçerken güvenlik belgelerine dikkat etmektedir; bu nedenle bettilt giriş tüm lisans bilgilerini açık şekilde paylaşır.

2024 yılı itibarıyla dünya genelinde toplam 6.8 milyar bahis kuponu oluşturulmuştur; bunların bir kısmı bettilt giriş kullanıcılarına aittir.

Kumarhane atmosferini hissetmek isteyenler pinco sayfasına giriyor.

Avrupa’daki bahis kullanıcılarının %61’i kombinasyon bahislerini tercih etmektedir; bu oran bettilt giriş kullanıcılarında %67’ye ulaşmıştır.

Kayıtlı oyuncular kolayca oturum açmak için bahsegel bağlantısını kullanıyor.

Her bütçeye uygun bahis alternatifleri sunan bahsegel tüm oyunculara hitap eder.

2024 yılında yapılan global bir araştırmaya göre, kullanıcıların %60’ı “sorumlu oyun” araçlarını kullandığını belirtmiştir; bahsegel giriş bu sistemleri aktif olarak sunar.

Akıllı telefon kullanıcıları Bahsegel ile daha hızlı işlem yapabiliyor.

Cep telefonları üzerinden kolay erişim için Bettilt seçeneği ön plana çıkıyor.

Bahis deneyiminizi daha eğlenceli hale getiren Bahsegel her zaman günceldir.

Her oyuncuya özel bettilt fırsatlar sunan kullanıcılarını ödüllendiriyor.

Adres sorunlarını aşmak için en güncel bağlantı olan bahsegel her zaman önem taşıyor.

Mobil oyuncular için optimize edilen arayüz sayesinde bahsegel giriş slot oyunları her cihazda sorunsuz çalışır.

Promosyonlardan yararlanmak isteyenler pinco sayfasını sık sık ziyaret ediyor.

78 Days သူပုန်အကျဉ်းသား (၂၀)

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၀ ရက်။

ဒီနေ့လည်း ခါတိုင်းဆွေးနွေးတဲ့ နေရာမှာပဲ ဆွေးနွေးဖြစ်ကြပါတယ်။ ခါတိုင်းလိုပဲ ဗွီဒီယိုမှတ်တမ်းယူပါတယ်။

အဲဒီမှာ ဦးအောင်နိုင်က ဦးဝှေ့တင်းအနေနဲ့ မိမိလူမျိုးကဖွဲ့စည်းထားတဲ့ ချင်းပါတီမှာမပါဘဲ ဘာဖြစ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(တစ်နည်း ဗမာပါတီ)မှာ ပါရသလဲ မေးပါတယ်။

ကျွန်တော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တိုင်းရင်းသားပေါင်းစုံ ဖွဲ့စည်းထားတဲ့ ပါတီတစ်ခုသာဖြစ်တဲ့အကြောင်း၊ ပါတီဗဟိုအဆင့်မှာလည်း တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့အကြောင်း၊ ပြီးတော့ ပြည်သူအများစုက အားကိုးယုံကြည်လက်ခံတဲ့ပါတီ ဖြစ်တဲ့အကြောင်း ပြောဖြစ်ပါတယ်။ နောက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီကသာအနိုင်ရမယ်လို့ မိမိအနေနဲ့ယုံကြည်တဲ့အတွက် NLDကို ရွေးချယ်ရကြောင်း ရှင်းပြခဲ့ပါတယ်။

မိမိတို့လူမျိုး ချင်းပါတီတွေမှာ မပါဝင်ရခြင်းကလည်း အကြောင်းအရင်းရှိပါတယ်။ လောလောဆယ် အနေအထားမှာ ပလက်ဝမြို့နယ်အတွင်း မှီတင်းနေထိုင်ကြတဲ့ ပြည်သူအများစုကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအပေါ် အားကိုးယုံကြည်နေကြဆဲဖြစ်တယ်။

အထူးသဖြင့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုအများစု အားကိုးယုံကြည်နေသေးတဲ့ အချိန်အခါလည်းဖြစ်တဲ့အပြင် ရွေးကောက်ပွဲအနိုင်ရပြီး ပြည်ထောင်စုအဆင့် အစိုးရဖွဲ့နိုင်တဲ့ ပါတီကြီးဖြစ်တဲ့အတွက်လည်း ရွေးချယ်ခဲ့ရကြောင်း ရှင်းပြပါတယ်။

နောင်တစ်ချိန်မှာ ကိုယ့်ဒေသရဲ့ လိုအပ်ချက်အရ အခွင့်အခါသင့်ရင် မိမိလူမျိုးချင်းပါတီထဲမှာလည်း ပါဝင်နိုင်လိမ့်မယ်လို့ ပြောပြခဲ့ပါတယ်။

ဦးဝှေ့တင်းအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လောက် ရာခိုင်နှုန်းအထိ ယုံကြည်အားကိုးသလဲလို့ ထပ်မေးပါတယ်။

ကျွန်တော့်အနေနဲ့ အဲဒီမေးခွန်းကိုဖြေဖို့ ချင့်ချိန်ဖြေရမယ်လို့ တွေးမိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အခုလက်ရှိအနေအထားမှာ ရခိုင်လူမျိုးအများစုက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို မကြိုက်ကြဘူးဆိုတာ ကျွန်တော်သိနေပါတယ်။ ကျွန်တော်ရဲ့ အနေအထားကလည်း အေအေလက်ထဲမှာ။ ကျွန်တော့်စိတ်ထဲမှာဖြင့် ကိုယ့်ပါတီ ဥက္ကဋ္ဌကို ရာနှုန်းပြည့် ယုံကြည်ပြီးဖြစ်တယ်။

တကယ်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဉာဏ်ပညာ၊ နိုင်ငံရေးဂုဏ်သိက္ခာ၊ နိုင်ငံရေးဖြတ်သန်းမှု အစစအရာရာ ယုံကြည်အားကိုးထိုက်တယ်လို့ ခံယူပါတယ်။ ဒါကိုလည်း အခုထိ မှန်ကန်တဲ့ ခံယူချက်လို့ ယူဆထားပါတယ်။ ပြည်တွင်းမပြောနဲ့ နိုင်ငံတကာ မျက်နှာစာမှာပါ ထင်ရှားကျော်ကြာပြီး နိုင်ငံရေးသိက္ခာကြီးမားသူရဲ့ နောက်လိုက်ရတာ ကျေလည်းကျေနပ်ပါတယ်။

ကျွန်တော်ဖြေရပါပြီ။ အခုနိုင်ငံရေးပါတီ အများအပြားထဲမှာတော့ဖြင့် NLDပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို ခွန်နစ်ဆယ်ရာခိုင်နှုန်းအထိ လက်ခံယုံကြည်မှုရှိကြောင်း ဖြေလိုက်ပါတယ်။ ကျွန်တော့်ရဲ့အဖြေကိုကြားပြီး ဦးအောင်နိုင် မျက်နှာကွက်ကနဲ့ ပျက်သွားတာ တွေ့ရပါတယ်။ မတတ်နိုင်ပါ။

ကိုယ့်မှာလည်း လူသားဂုဏ်သိက္ခာဆိုတာ ရှိသေးတာပဲ။ ပြီးတော့ နိုင်ငံရေးသမားဆိုတဲ့ နိုင်ငံရေးဂုဏ်သိက္ခာလည်း ရှိသေးတာပဲ။ မဟုတ်မဟတ်တွေ ဖြေရမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ရှက်သင့်တယ်လို့လည်း ခံယူပါတယ်။

ပြီးတော့ အခုနေအချိန်မှာ သူတို့အကြိုက် လိုက်ပြီးဖြေနေရင်လည်း ကျွန်တော့်အတွက် ပိုပြီးထူးခြားလာမယ်မထင်တော့။ ကိုယ်ခံစားတဲ့အတိုင်းပဲ အမှန်ကိုအမှန်အတိုင်း ဖြေလိုက်ရတာဖြင့် ပေါ့ပါးမှုတစ်ခု ခံစားရသေးတယ် မဟုတ်လား။

နေ့လည် ဆယ့်နှစ်နာရီခန့်မှာ ဆွေးနွေးမှု အဆုံးသတ်လိုက်ပါတယ်။

တဲကိုပြန်ရောက်တော့ ဒီနေ့ဆွေးနွေး မေးမြန်းမှုတွေကို ပြန်စဉ်းစားနေမိတယ်။ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လောက်ယုံကြည်သလဲ မေးတဲ့မေးခွန်းကိုပါ။

သူက ကျွန်တော်တို့မသိ မမီခဲ့တဲ့ ၁၉၈၈ မြန်မာပြည်တွင်း လူထုအုံကြွမှုကတည်းက မြန်မာပြည်က တစ်ဖဝါးမှမခွာပဲ အမျိုးသားလွတ်မြောက်ရေးနဲ့ မြန်မာ့ဒီမိုကရေစီအရေးကို အိုးပစ်အိမ်ပစ် လုပ်လာခဲ့တဲ့ ကမ္ဘာသိပုဂ္ဂိုလ်တစ်ဦးပဲ လို့။ ဒီလိုပဲ သူ့အပေါ် ယုံကြည်ထားပါတယ်။

ပွင့်ပွင့်လင်းလင်းပြောစတမ်းဆိုရင် ကျွန်တော်လိုလူနဲ့က မိုးနဲ့မြေပါပဲ။ ဒါကိုလည်း ULAက တာဝန်ရှိသူတွေအနေနဲ့ မသိဘဲမနေပါဘူး။ စဉ်းစားမရတာက “သူ့အပေါ် ဘယ်လောက်ယုံကြည်သလဲ…”ဆိုတဲ့ မေးခွန်းပါ။ အခုကျွန်တော် အဖမ်းခံရတဲ့ ကိစ္စနဲ့ရော ဘယ်လိုပတ်သက်နေသလဲ။

NLD ပါတီရဲ့ ကိုယ်စားလှယ်တစ်ယောက်မို့ တမင်များဖမ်းတာမျိုးလား။ ကျွန်တော်တစ်ခါက တွေးမိသလိုမျိုး အေအေရဲ့ ကျယ်ပြန့်တဲ့ကွန်ရက်ကို ပလက်ဝဒေသခံတွေကိုပဲ အသိပေးတဲ့သဘောအပြင် လက်ရှိအစိုးရကိုရော၊ လူထုထောက်ခံမှု ကြီးကြီးမားမားရထားတဲ့ NLD ပါတီကိုရော ခဲတစ်လုံးနဲ့ ငှက်သုံးလေးကောင် ပစ်လိုက်တဲ့ ဗျူဟာများလားပေါ့။

ဖြစ်လည်းဖြစ်နိုင်ပါတယ်။ ငယ်ရွယ်နုပျိုသူတွေရဲ့ တက်ကြွလန်းဆန်းတဲ့ အတွေးသစ်၊ အမြင်သစ်တွေဆိုတာ မှန်းဆရခက်တဲ့၊ အကြောက်အလန့်ကင်းတဲ့ ခွန်အားကို ဖြစ်စေတာပဲ။ လေအဟုန်လိုလျင်မြန်မှုနဲ့ အတားအဆီးမှန်သမျှကို ကျော်ဖြတ်ရဲတဲ့ သတ္တိတွေနဲ့ပေါ့။

***

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၁ ရက်။

ဒီနေ့လည်း ခါတိုင်းလိုပဲ ဆွေနွေးမှုပြုလုပ်ခဲ့ ပါတယ်။

အရင်ရက်တွေက ကျွန်တော့်ရဲ့ ဖြေကြားမှုတွေက သူတို့အကြိုက် မဟုတ်လောက်ဘူးဆိုတာ သိနေပါတယ်။ နောက်တစ်ချက် စိုးရိမ်စရာရှိတာက ရခိုင့်တော်လှန်ရေးကို အနှောက်အယှက်ပေးနိုင်လောက်တဲ့ လှုပ်ရှားမှု တစ်စုံတစ်ရာကို ကျွန်တော့်အနေနဲ့ ကျူးလွန်ခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထား မရရှိမှာကိုပါ။

အဲလိုမျိုး ခိုင်လုံတဲ့ သက်သေအထောက်အထား မရမချင်း ကျွန်တော့်ကို ထိန်းသိမ်းထားမယ်ဆိုရင် ကျွန်တော်ပြန်လွတ်မယ့်ရက်ကို မှန်းဆရခက်သွားပါပြီ။

ဦးအောင်နိုင်က

“ဦးဝှေ့တင်းအနေနဲ့ ကျွန်တော်တို့နဲ့ဆွေးနွေး စကားပြောတာ စိတ်ဓါတ်ကျနေပြီလား…”

ကျွန်တော့် မျက်နှာအနေအထားကလည်း စိတ်ညစ်နေပုံဖြစ်နေပြီး မပြုံးမရွှင်နဲ့ဆိုတော့ သူမေးမယ်ဆိုလည်း မေးလောက်စရာပါ။ ကျွန်တော့်အဖြစ်ကလည်း ပြုံးနိုင်အောင် ဟန်မဆောင်တတ်ဘူး ဖြစ်နေပါတယ်။ သူများလက်ထဲ အဖမ်းခံရတယ်ဆိုမှ ဘယ်လူသားကမှ ပြုံးပျော်နိုင်မှာလဲလို့ ပြောလိုက်ချင်တာ။ နှုတ်ကမထွက်။ ပြုံးယောင်ယောင်ပဲ ကြည့်နေလိုက်ပါတယ်။

နိုင်ငံရေးမှူး ဦးအောင်မြတ်က

“ပလက်ဝက ခူမီးလူကြီးတွေနဲ့တွေ့ပြီး စကားပြောချင်တယ်။ ဦးဝှေ့တင်း အမြန်လွတ်မြောက်ရေး ကိစ္စတွေဆွေးနွေးဖို့…”

ကျွန်တော့်ရင်ထဲ အပျော်စိတ် ရိပ်ကနဲဝင်လာပါတယ်။ ကျွန်တော်ထင်သလောက်လည်း မဟုတ်ပါလားဆိုပြီး စိတ်ကိုလျှော့ အသက်ကိုခပ်ဖြည်းဖြည်းရှူထုတ်ပြီး ပြန်မေးလိုက်ပါတယ်။

“ဘယ်သူတွေနဲ့ တွေ့ချင်သလဲ…”

“ပလက်ဝမြို့နယ်  တစ်ခုလုံးလွှမ်းခြုံတဲ့ လူမှုရေးအသင်းအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ခူမီးလူငယ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ ဘာသာရေးခေါင်းဆောင်နှစ်ဦးလောက် ခေါ်ပေးလို့ရနိုင်မလား…”

“တကယ်လို့ ခေါ်လို့ရခဲ့ရင် ဘယ်မှာတွေ့ကြမလဲ…။ ရန်ကုန်မှာတွေ့မလား ဒါမှမဟုတ် နေပြည်တော်မှာ တွေ့မလား…”

သူက

“အဲလို မဟုတ်ဘူး…”

အခုနေတဲ့ စခန်းနေရာအထိခေါ်ပြီးဆွေးနွေးကြမယ် ပြောပါတယ်။ လုံခြုံရေးကိစ္စလည်းအားလုံး သူတို့တာဝန်ယူပေးမယ်။ မီးဝရွာအထိ စက်လှေစီစဉ်ပေးမယ်ပေါ့။

“အခုလိုမျိုး တောထဲစခန်းမှာဆိုရင် ပလက်ဝကလူကြီးတွေ လာချင်မှာမဟုတ်ဘူး…”

“မခေါ်သေးပဲနဲ့ ကြိုမပြောနဲ့…”

နိုင်ငံရေးဒုတိယတန်းအရာရှိဆိုသူ ဦးအောင်မြတ်က စိတ်တိုတဲ့လေသံနဲ့ ပြန်ပြောပါတယ်။

ကျွန်တော်က အခုခေါ်မယ့် ပလက်ဝလူကြီးတွေရဲ့ ခံယူချက်တွေကို အနည်းအကျဉ်းသိထားပြီးဖြစ်လို့ ပြောတာပါ။ သူတို့အနေနဲ့ မည်သည့်အခြေအနေပဲဖြစ်ဖြစ် လာမည်မဟုတ်။ နောက်တစ်ချက်က ပလက်ဝလူကြီးတွေအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနက တရားဝင်အသိအမှတ်ပြုထားတဲ့ အဖွဲ့အစည်းမဟုတ်တဲ့ ULA/AAအဖွဲ့နဲ့  တွေ့ဆုံရမယ်ဆိုတာ အတော့်ကိုစွန့်စားရမယ့် အနေအထားတစ်ခု ဖြစ်နေတာပါ။

ပြီးတော့ အခုကာလမှာ အစိုးရတပ်နဲ့အေအေတို့အကြား  တိုက်ပွဲပြင်းထန်ချိန်လည်း ဖြစ်နေပြန်ပါတယ်။ ဒီတော့ လာတွေ့မယ့် သူတွေရဲ့ အသက်အန္တရာယ်လည်း စိုးရိမ်ရပြန်တဲ့ အခြေအနေပါ။ အေအေဘက်က ဘယ်လောက်ပဲ အာမခံတယ်ပြောပြော မတော်တဆ တိုက်ပွဲတွေနဲ့ကြုံခဲ့ရင် သူ့သဘောနဲ့သူဆောင်တဲ့ ကျည်ဆန်တွေကို ဘယ်သူက အာမခံပေးနိုင်မတုန်း။

ဒါပေမဲ့ ကျွန်တော်စိတ်ကူးထဲ ရေတွက်ကြည့်ပါတယ်။

ဦးစနီအောင်၊ ဥက္ကဋ္ဌ၊ စာပေနှင့်ယဉ်ကျေးမှုကောာ်မတီ ဗဟိုအသင်း။ ဦးပြည်ယိုး၊ အတွင်းရေးမှူး၊ စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဗဟိုအသင်း။

ဦးညီထွေး၊ ဥက္ကဋ္ဌ၊ ခူမီးလူငယ်အသင်း။ ဦးကျော်အောင်၊ အတွင်းရေးမှူး၊ ခူမီးလူငယ်အသင်း။

နောက် အင်္ဂလီကန်အသင်းတော်က ပါစတာတစ်ဦး၊ ရိုမန်ကစ်သလစ်အသင်းတော်က ဖာသာတစ်ဦး။

အဆင်ပြေပြီပေါ့။ ဒါပေမဲ့ အဆင်မပြေပါ။ အဲဒီလူကြီးတွေ ဘယ်သူမှလာချင်မယ် မထင်ပါ။ စောစောက ပြောသလိုပဲ သူတို့အတွက် စွန့်စားရမယ့် ကိစ္စအကြီးကြီးဖြစ်နေတာ မဟုတ်လား။ ကျွန်တော်တို့ ခဏခဏပြောနေကြတဲ့ ပုဒ်မ ၁၇(၁)ဆိုတာက မတရားအသင်းနဲ့ ဆက်သွယ်မှုမဟုတ်လား၊ အဲဒီပုဒ်မနဲ့ငြိပြီဆိုလည်း ပြစ်မှုတော်တော် ကြီးပါတယ်။

ပလက်ဝဒေသဆိုတာလည်း နယ်စွန်နယ်ဖျားမို့ ထစ်ကနဲ့ဆို အဲဒီပုဒ်မနဲ့ ဖမ်းဆီးခံရတာတွေ အများကြီးကြုံရတော့ ဒေသခံတွေအနေနဲ့ “ခဲမှန်ဖူးတဲ့ စာသူငယ်” ဖြစ်နေပါပြီ။

ဒါပေမဲ့ ကျွန်တော်ကတော့ သူတို့တွေ့ချင်ပါတယ်ဆိုတဲ့ သူတွေကို မကြာခင် မဖြစ်မနေ ဆက်သွယ်ရတော့မှာပါ။

ကျွန်တော့်ရဲ့ အေအေလက်ထဲက ရက်ပေါင်း ၆၉ ရက်နေ့ရဲ့ အခြေအနေပါ။

***

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၂ ရက်။

မနက်ခင်းလေးက ခါတိုင်းဆောင်းမနက်ခင်းတွေ အတိုင်းပါပဲ။ ကြည်ကြည်လင်လင်နဲ့ သာယာတဲ့မနက်ခင်းတစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော်ကတော့ စိတ်အနည်းငယ် လေးလံနေသလို ခံစားရပါတယ်။

အဲဒါကလည်း မနေ့ကပြောဖြစ်တဲ့ ကျွန်တော့်လွတ်ရေးအတွက် သူတို့တွေ့ချင်တဲ့ လူကြီးတွေကို ခေါ်ခိုင်းတော့ မယ်ဆိုတဲ့ အတွေးနဲ့ ကျွန်တော့်စိတ်တွေ လေးလံနေတာ ဖြစ်ပါတယ်။

အတက်နိုင်ဆုံး စိတ်ကိုပေါ့ပါးအောင်ထားပြီး မနက်စောစောပဲ လမ်းထွက်လျှောက်နေခဲ့ပါတယ်။ အေအေရဲဘော်တွေက ကျွန်တော်မကြာခင် လွတ်တော့မယ်ဆိုတာ သိနေကြလို့ထင်ပါရဲ့ ရယ်မောပျော်ရွှင်စွာနဲ့ နှုတ်ဆက်ကြပါတယ်။

အဲဒီလိုမျိုး ပြုံးရွှင်နေတဲ့ သူတို့မျက်နှာလေးတွေ မြင်ရတော့ ကျွန်တော့်ရင်ထဲ တစ်မျိုးတစ်မည် ခံစားရပါတယ်။ သူတို့ကို သံယောဇဉ်ဖြစ်မိပြီ ထင်ပါရဲ့။ ဘယ်လိုပဲ ကိုယ့်အပေါ်ဖမ်းဆီး ချုပ်နှောင်ထားတဲ့သူတွေဖြစ်စေဦးတော့ အနေကြာတဲ့အခါ ကိုယ့်မိတ်ဆွေလို ရဲဘော်ရဲဘက်လို သံယောဇဉ်ဖြစ်မိတတ်တာပဲလား။

လောကဓမ္မတာဆိုတာကြီးကလည်း အံ့ဩဖွယ်ပါပဲ။ လူ့မနော လူ့သဘောဆိုတာလည်း မှန်းဆရခက်လိုက်တာ။ လူကတစ်ယောက်တည်းပေမဲ့ မနေ့ကဖြစ်ခဲ့တဲ့စိတ်၊ ဒီနေ့ဖြစ်နေတဲ့စိတ်၊ မနက်ဖြန်ဖြစ်လာမယ့်စိတ် လုံးဝကိုမတူတာမျိုးပါ။

ဒီနေ့က ခါတိုင်းထက် နည်းနည်းနောက်ကျပြီး ခေါ်ပါတယ်။ မနက်ဆယ်နာရီလောက်ပါ။ အရင်အစည်းအဝေးလုပ်တဲ့ နေရာမှာပဲ အပြန်အလှန်ဆွေးနွေးတာတွေ လုပ်ပါတယ်။

ကျွန်တော်ကတော့ ဖြေရခက်တဲ့ ဘယ်လိုမေးခွန်းတွေ ထပ်မေးဦးမလဲဆိုတဲ့ အတွေးနဲ့ပေါ့။

ULA ဦးအောင်နိုင်က ဦးဆောင်ပြီးဆွေးနွေးပါတယ်။ ဆွေးနွေးတယ်ဆိုတာထက် သူကမေးပြီး ကျွန်တော်က ဖြေရတာပါ။ အဲဒီထဲက အရေးကြီးတဲ့ အချက်တွေကိုပဲ ကျွန်တော်မှတ်မိသလောက်ကို အခုလိုပဲ မှတ်တမ်းတင်ထားပါ တယ်။

“ရခိုင်တပ်တော်အနေနဲ့ ပလက်၀မြို့နယ်ထဲက ကျေးရွာတွေမှာ ဝင်ရောက်မယ်ဆိုရင် ကျေးရွာလူထုက ကြိုဆိုနိုင်မလား…”

“ပလက်ဝမြို့နယ်ထဲမှာ ရခိုင်တပ်တော်တွေ ရွာထဲတွင်ဝင်ရောက်မယ်ဆိုရင် လက်တလော အနေအထားမှာ ကြိုဆိုမယ်ဆိုတာ ပြောရခက်ပါတယ်။ နောက်ပိုင်း လူထုနဲ့ရင်းနှီးကျွမ်းဝင်မှုရှိတဲ့ အချိန်ကာလမှာတော့ ဖြစ်နိုင်ချေရှိပါတယ်…”

ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ဖြေလိုက်ပါတယ်။ တကယ်တော့ ကျွန်တော်နည်းနည်းဖော့ပြီး ဖြေလိုက်တာပါ။ တကယ်တော့ ဒေသခံလူထုအနေနဲ့က လုံးဝမဖြစ်နိုင်တဲ့ ကိစ္စပါ။ မဖြစ်နိုင်ဘူးဆိုတာ နှစ်ပိုင်းရှိပါတယ်။

ပထမတစ်ပိုင်းက ရခိုင်တွေအနေနဲ့ နယ်မြေပိုင်ဆိုင်မှုကိစ္စကို ခဏခဏကျူးလွန်ပြောဆိုတာမျိုးကို ဒေသခံတွေ လုံးဝမကြိုက်ပါ။ ပလက်ဝနယ်ဟာ ရခိုင်ဘုရင့်နိုင်ငံတော်အပိုင် နယ်မြေဖြစ်တယ် ဆိုတာမျိုးပြောနေတာကိုပါ။

ဒုတိယတစ်ပိုင်းက လူမျိုးနဲ့ပက်သက်ပြီး ခူမီးတွေကို ရခိုင်ပြည်မှာနေတဲ့ ခမီတွေနဲ့ အမျိုးအနွယ်တူတယ်ဆိုပြီး ရခိုင်မျိုးနွယ်စုဝင်တွေ ဖြစ်တယ်လို့ ပြောနေတာကိုပါ။ ခက်တာက ခမီတွေက ခူမီးတွေနဲ့ အမျိုးအနွယ်တူပါရက်နဲ့ ဦးနေဝင်း(မဆလ)ခေတ်မှာ ရခိုင်မျိုးနွယ်စုစာရင်းမှာ ထည့်သွင်းလိုက်တာပါ။

ဒီတော့ ရခိုင်တွေလည်း အဲတာကို ထစ်ကနဲ့ရှိ သူတို့လက်အောက်က လူမျိုးလိုလို ပြောနေတော့တာပါ။ တကယ်တော့ ရခိုင်မျိုးနွယ်စုရယ်လို့ ရေတွက်ထားတဲ့ ခမီတွေ၊ မြိုတွေ၊ ဒိုက်နက်(သက္ကမ)တွေဆိုတာ ချင်းမျိုးနွယ်စုတွေ ပါပဲ။

ဆက်သက်လာတဲ့ လမ်းကြောင်း၊ ဝတ်စားဆင်ယင်မှု၊ ထုံးတမ်းဓလေ့၊ ပြောဆိုတဲ့ ဘာသာစကား ဘယ်ဟာကိုပဲ ကြည့်ကြည့် ရခိုင်တွေနဲ့ လားလားမှမတူပါဘူး။ ဒါကို ရခိုင်တွေကိုယ်တိုင်လည်း သိပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အစဦး “မာရာယု”က “မြို”နဲ့ ပက်သက်နေလေတော့ မြိုတွေ၊ ခမီတွေက ရခိုင်မျိုးနွယ်စုဖြစ်မှကို ရခိုင်သမိုင်းက လှ တော့မှာကိုး။

“ပလက်ဝမြို့နယ်ထဲ ရခိုင်တပ်တွေ နေထိုင်နေရေး ဘယ်လိုစည်းရုံးရေးဝင်ရင် ကောင်းမလဲ၊ ဦးဝှေ့တင်းအနေနဲ့ အကြံပေးကြည့်ပါ…”

ကျွန်တော် ဖြေရခက်တဲ့ မေးခွန်းမေးလာပြန်ပါပြီ။ ကျွန်တော်တစ်ချက် စဉ်းစားဟန်နဲ့ တုံ့ဆိုင်းဆိုင်း လုပ်နေလိုက်ပါတယ်။ ပြီးတော့ ခပ်ဆိုင်းဆိုင်းနဲ့ အခုလိုပဲ ဖြေလိုက်ပါတယ်။

“အဲဒီကိစ္စကတော့ ခူမီးလူမျိုးထဲက ခေတ်ပညာတတ် လူကြီး၊လူငယ်တွေနဲ့ ဖြည်းဖြည်းချင်း ညှိနှိုင်းတိုင်ပင်ပြီး ကျေးရွာအဆင့် ကွင်းဆင်းမှုတွေ အပြန်အလှန်နားလည်မှုတွေ ယူပြီးမှ လုပ်ရမှာထင်ပါတယ်…”

ကျွန်တော် အဲလောက်ပဲ မယုတ်မလွန်ဖြေလိုက်ပါတယ်။

ကျွန်တော်ထင်ပါတယ်။ ဒီမေးခွန်းကို သူတို့လည်း အဖြစ်သဘောနဲ့မေးတဲ့ မေးခွန်းပဲဆိုတာ။ သူတို့ကိုယ်တိုင် စဉ်းစားကြည့်မယ်ဆိုလည်း မေးခွန်းရဲ့အဖြေကို ရှင်းရှင်းလင်းလင်း သိနေနိုင်တာပဲလေ။ ဘယ်လူမျိုးကများ ကိုယ့်အမျိုးသားလွတ်မြောက်ရေးမဟုတ်ဘဲ ကိုယ့်မြေကိုယ့်ဒေသကို စစ်တလင်းအဖြစ်ခံချင်ပါ့မလဲ။

မနက်ဖြန် ပလက်ဝကလူကြီးတွေနဲ့ ဖုန်းစကားပြောမယ်ဆိုပြီး ဆွေးနွေးပွဲကို ရပ်လိုက်ပါတယ်။

သူပုန်အကျဉ်းသားဘဝ ရက်ပေါင်း ၇၀ တင်းတင်းပြည့်ပါပြီ။ အကျဉ်းသားဘဝက ပြန်လွတ်နိုင်မဲ့ အရိပ်အယောင်လည်း တဖြည်းဖြည်း မြင်လာရပါပြီ။

ဒါပေမဲ့ သူတို့(အေအေ)က ကျွန်တော်တို့ရဲ့မြေကို တစ်နည်းနည်းနဲ့ ထိန်းချုပ်နိုင်ဖို့ အစီအစဉ်တွေ ချမှတ်နေပြီ ဆိုတာ ဝမ်းနည်းစွာ သိလိုက်ရပါတယ်။

အပိုင်း (၂၁) ဆက်လက်ဖတ်ရှုနိုင်ပါရန်။

 

Leave a Reply

Your email address will not be published. Required fields are marked *