ချင်းညီနောင်အဖွဲ့ -Chin Brotherhood ၏ “ချင်းညီနောင် စစ်ဆင်ရေး” (Operation CB) ကြောင့် မင်းတပ်မြို့ နှင့် ဖလမ်းမြို့တွင် တိုက်ပွဲပြင်းထန်

ချင်းညီနောင်အဖွဲ့ -Chin Brotherhood ၏ “ချင်းညီနောင် စစ်ဆင်ရေး” (Operation CB) ကြောင့် မင်းတပ်မြို့ နှင့် ဖလမ်းမြို့တွင် တိုက်ပွဲပြင်းထန်
နိုဝင်ဘာ ၁၅၊ ၂၀၂၄။
ချင်းညီနောင်အဖွဲ့-Chin Brotherhood ၏ “ချင်းညီနောင် စစ်ဆင်ရေး” (Operation CB) စတင်သည့် နိုဝင်ဘာလ ၉ ရက်နေ့ကစပြီး မင်းတပ်မြို့နှင့် ဖလမ်းမြို့တွင် မြို့တွင်းတိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားသည်မှာ ကနေ့(နိုဝင်ဘာ ၁၅) ရက်နေ့တွင် ၆ ရက်ရှိလာပြီ ဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်အရ သိရှိရသည်။
အဆိုပါ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက် တုန့်ပြန်ခဲ့သည့်အတွက် လူနေအိမ်များ မီးလောင်ပျက်စီးမှုရှိကြောင်း သိရသည်။ တိုက်ပွဲကြောင့် မြို့နှင့်အနီးတဝိုက်က ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရပြီး မြို့အတွင်းနေသူအားလုံးကို ရှောင်တိမ်းကြဖို့ ဒေသခံကာကွယ်ရေးအဖွဲ့များက လိုက်လံသတိပေးသည်ဟု မြို့ခံများ၏ ပြောကြားချက်အရ သိရသည်။
Chin Brotherhood-ချင်းညီနောင်အဖွဲ့သည် ယခုနှစ် ဇွန်လက တီးတိန်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ဖူးပြီး ထိုစဉ်က တီးတိန်မြို့ကို မသိမ်းပိုက်နိုင်ခဲ့ပေ။ CB မဟာမိတ်အဖွဲ့တွင် ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ ချင်းအမျိုးသား အဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ မရာနယ်မြေ အုပ်ချုပ် ရေးကောင်စီ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီတပ်မဟာ-၁ တို့ ပါဝင်သည်။
သတင်းဓါတ်ပုံ-Tedim Times

Leave a Reply

Your email address will not be published. Required fields are marked *