နွေဦးတော်လှန်ရေးကာလ စစ်ကောင်စီ၏ ဆုံးရှုံးမှုများ
ဆလိုင်းကျုံးလျန်ဟူး
၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုသည် အာဏာသိမ်းစစ်ခေါင်းဆောင်များအတွက် ယခင်အာဏာသိမ်းမှုများနှင့်မတူဘဲ ထင်မှတ်မထားသည့် ကြီးမားသည့်ဆုံးရှုံးမှုများကို ရင်ဆိုင်ခဲ့ရသည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အင်အားစုများမှာလည်း ယခင်ကြုံခဲ့ရသည်များနှင့်မတူဘဲ စုဖွဲ့မှုအင်အားကောင်းကောင်းဖြင့် ရှိရင်းစွဲတိုင်းရင်းသား လက်နက်ကိုင်အင်အားစုမှားနှင့်ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးကိုကျော်လွန်ပြီး စစ်အာဏာရှင် စနစ်ပြုတ်ကျရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်တည်ဆောက်ရေးကို ဦးတည်လာခဲ့သည်ကို တွေ့ရသည်။
နွေဦးတော်လှန်ရေး ၄ နှစ်နီးပါး ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီအနေဖြင့် တိုင်းစစ်ဌာနချုပ် ၂ ခုနှင့် မြို့ ပေါင်း ၉၃ ခုကို ဆုံးရှုံးခဲ့ရသည့်အပြင် ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ်အဆင့် ထိပ်တန်းစစ်အရာရှိ ၂၁ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း၊ သေဆုံးခြင်းနှင့် စစ်ရှုံးခြင်းကြောင့် ထောင်ချခံထားရခြင်း…စသည့် ဆုံးရှုံးမှုများကို ရင်ဆိုင်ခဲ့ရသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက ပြုစုထားသော စာရင်းများအရ တိုင်းမှူးအဆင့် ဗိုလ်ချုပ်မှစ၍ ဗိုလ်မှူးချုပ်အဆင့်အထိ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း၊ သေဆုံးခြင်းနှင့် စစ်ရှုံးခြင်းများကြောင့် ထောင်ချခံထားရသူ စုစုပေါင်း ၂၁ ဦးရှိကြောင်း သိရှိရပြီး အဆိုပါစာရင်းကို တင်ပြပေးလိုက်ပါသည်။
၁။ ဗိုလ်ချုပ်စိုးတင့် (တိုင်းမှူး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် )
ကိုးကန့် တပ်မတော် MNDAA က လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ယခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဩဂုတ်လ ၄ ရက်နေ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်စိုးတင့် (တေဇ-၁၆) စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရသည်။
၂။ ဗိုလ်မှူးချုပ်သန့်ထင်စိုး (တိုင်းဦးစီးချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်)
ကိုးကန့် တပ်မတော် MNDAA က လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ယခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဩဂုတ်လ ၄ ရက်နေ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုး (DSA အပတ်စဉ် ၄၁) စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရသည်။
၃။ ဗိုလ်မှူးချုပ် မျိုးမင်းထွေး (တပ်မမှူး၊ အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်)
ကိုးကန့်တပ်မတော် MNDAA က လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ယခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဩဂုတ်လ ၄ ရက်နေ့ ကျောက်မဲအခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁ မှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေး (တေဇ-၂၆) စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရသည်။
နောက်ပိုင်းတွင် MNDAA က ပြန်လွှတ်ပေးခဲ့သဖြင့် တပ်မတော်တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း (တတက-၁၃) ကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏တိုင်းမှူး ဖြစ်လာသည်။
၄။ ဗိုလ်မှူးချုပ်သောင်းထွန်း (ဒုတိယတိုင်းမှူး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်)
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီဇင်ဘာလ ၂၀ ရက်နေ့ AA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း (DSA – ၄၁) စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရသည်။ လက်ရှိတွင် စစ်ရာဇဝတ်မှုများအတွက် AA က စစ်ဆေးလျက်ရှိသည်။
၅။ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း (တိုင်းဦးစီးချုပ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်)
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီဇင်ဘာလ ၂၀ ရက်နေ့ AA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း (OTS- ၂၁) စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရသည်။ လက်ရှိတွင် စစ်ရာဇဝတ်မှုများအတွက် AA က စစ်ဆေးလျက်ရှိသည်။
၆။ ဗိုလ်မှူးချုပ်သူရိန်ထွန်း(ဌာနချုပ်မှူး၊ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဘူးသီးတောင်)
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၅) ကို AA က သိမ်းပိုက်ပြီးနောက် ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်း ဘူးသီးတောင်အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် စကခမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း (OTS -၂၂ ) စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရသည်။
၇။ ဗိုလ်မှူးချုပ်တင်ထွန်းအောင်(ဒုတိယတိုင်းမှူး၊ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်)
ယခုနှစ် ဇူလိုင်လအတွင်း MNDAA က လားရှိုးမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေစဉ် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်တင်ထွန်းအောင် ဒရုန်းဗုံးထိမှန်၍ သေဆုံးခဲ့ရသည်။
၈။ ဗိုလ်မှူးချုပ်မိုးကျော်သူ(လောက်ကိုင် ဒကစမှူး)
ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လောက်ကိုင် ဒကစမှူး ဗိုလ်မှူးချုပ်မိုးကျော်သူသည် MNDAA ထံတွင် လက်နက်ချ အညံ့ခံခဲ့ပြီး မတ်လအတွင်း တပ်မတော်အက်ဥပဒေ၊ နိုင်ငံတော်ပုန်ကန်မှုဖြင့် သေဒဏ်ချမှတ် အရေးယူခံခဲ့ရသည်။
၉။ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့် (လောက်ကိုင်ဒေသ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ)
ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လောက်ကိုင်ဒေသ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်သည် MND AA ထံတွင် လက်နက်ချ အညံ့ခံခဲ့ပြီး မတ်လအတွင်း တပ်မတော်အက်ဥပဒေ၊ နိုင်ငံတော်ပုန်ကန်မှုဖြင့် သေဒဏ်ချ မှတ် အရေးယူခံခဲ့ရသည်။
၁၀။ ဗိုလ်မှူးချုပ်ဇော်မျိုးဝင်း (တပ်မ ၅၅ တပ်မမှူး)
ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်းသည် MNDAA ထံတွင် လက်နက်ချ အညံ့ခံခဲ့ပြီး မတ်လအတွင်းတပ်မတော်အက်ဥပဒေ၊ နိုင်ငံတော်ပုန်ကန်မှုဖြင့် သေဒဏ်ချမှတ် အရေးယူခံခဲ့ရသည်။
၁၁။ ဗိုလ်မှူးချုပ်သော်ဇင်ဦး (စကခ ၁၆ ကွပ်ကဲရေးမှူး)
ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ စကခ ၁၆ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သော်ဇင်ဦး သည် MNDAA ထံတွင် လက်နက်ချအညံ့ခံခဲ့ပြီး မတ်လအတွင်း တပ်မတော်အက်ဥပဒေ၊ နိုင်ငံတော်ပုန်ကန်မှုဖြင့် တစ်သက်တစ်ကျွန်းနှင့် ထောင်ဒဏ်နှစ်ရှည်ချမှတ် အရေးယူခံခဲ့ရသည်။
၁၂။ ဗိုလ်မှူးချုပ်အောင်ဇော်လင်း (စကခ ၁၂ ကွပ်ကဲရေးမှူး)
ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ စကခ ၁၂ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်ဇော်လင်း သည် MNDAA ထံတွင် လက်နက်ချအညံ့ခံခဲ့ပြီး မတ်လအတွင်း တပ်မ တော်အက်ဥပဒေ၊ နိုင်ငံတော်ပုန်ကန်မှုများဖြင့် တစ်သက်တစ်ကျွန်းနှင့် ထောင် ဒဏ်နှစ်ရှည်ချမှတ် အရေးယူခံခဲ့ရသည်။
၁၃။ ဗိုလ်မှူးချုပ်အေးမင်းဦး (စကခ ၁၄ ကွပ်ကဲရေးမှူး)
ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ စကခ ၁၄ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အေးမင်းဦး သည် MNDAA ထံတွင် လက်နက်ချအညံ့ခံခဲ့ပြီး မတ်လအတွင်း တပ်မတော်အက်ဥပဒေ၊ နိုင်ငံတော်ပုန်ကန်မှုများဖြင့် တစ်သက်တစ်ကျွန်းနှင့် ထောင်ဒဏ်နှစ်ရှည်ချမှတ် အရေးယူခံခဲ့ရသည်။
၁၄။ ဗိုလ်မှူးချုပ်မင်းမင်းထွန်း (တပ်မ ၁၀၁ တပ်မမှူး)
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့ရှိ စစ်တပ်ဗျူဟာကုန်းကို TNLA တပ်များက သိမ်းပိုက်ပြီးနောက် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးချုပ်မင်းမင်းထွန်း ဖမ်းဆီးခံခဲ့ရသည်။
၁၅။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း (စကခ ၉ စကခမှူး -ကျောက်တော်)
ဖေဖော်ဝါရီလ ၇ ရက်နှင့် ၈ ရက်နေ့ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီး ရေကြောင်းတိုက်ပွဲအတွင်းမှ အသက်လုထွက်ပြေးလာစဉ် စကခ ၉ တပ်မမှူး အသက် ၅၁ နှစ်အရွယ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်း အရှင်လက်ရ ဖမ်းဆီးခံခဲ့ရသည်။
၁၆။ ဗိုလ်မှူးချုပ်ဇင်မျိုးဆွေ (စကခ ၁၉ စကခမှူး-ပလက်၀)
ဇန်နဝါရီလအတွင်း ပလက်ဝဒေသအခြေစိုက် ရှေ့တန်းဌာနချုပ်တစ်ခုဖြစ်သော စကစ ၁၉၊ ရှေ့တန်းဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ်ဇင်မျိုးဆွေ (တေဇ ၂၃) သေဆုံး သို့မဟုတ် ပျောက်ဆုံးလျက်ရှိကြောင်း ရခိုင့်တပ် တော် – AA က ထုတ်ပြန်ထားသည်။
၁၇။ ဗိုလ်မှူးချုပ်မင်းထွဋ်ဦး (တပ်မ ၈၈ တပ်မမှူး)
ကချင်ပြည်နယ် မိုးမောက်မြို့နယ်၊ ကုန်းလောရွာအနီး မန်နောင်ရွာပတ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အမှတ် ၈၈ ခြေမြန် တပ်မဌာနချုပ်မှ တပ်မမှူး ဗိုလ်မှူးချုပ်မင်းထွဋ်ဦး သေဆုံးခဲ့သည်။ မတ်လ ၂၉ ရက်နေ့ ညနေ ၄ နာရီအချိန် သေဆုံးခဲ့သူ ဗိုလ်မှူးချုပ်မင်းထွဋ်ဦးမှာ DSA- ၄၂ ကျောင်းဆင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် အကြမ်းဖက်မင်းအောင်လှိုင်က အမိန့်စာ ၅/၂၀၂၄ ဖြင့် စစ်မှုထမ်းကောင်းတံဆိပ် ပေးအပ်ခဲ့သည်။
၁၈။ ဗိုလ်မှူးချုပ်အေးမင်းနောင် (တပ်မ ၄၄ တပ်မမှူး)
ယခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်အချိန် သင်္ဃန်းညီနောင် ခမရ ၃၅၅ တပ်ရင်းထဲသို့ တပ်ချိန်းရန်လာသည့် စစ်ရဟတ်ယာဉ် ၂ စီးကို KNLA တပ်များနှင့် တော်လှန်ရေးတပ်များက ၀ိုင်းဝန်းပစ်ခတ်ခတ်ခဲ့ရာ တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းနောင် အပါအဝင် စစ်အရာရှိ ၅ ဦးသေဆုံးခဲ့သည်။
၁၉။ ဗိုလ်မှူးချုပ်လင်းအောင်မိုး ( စကခ ၇၊ စကခမှူး- ဖယ်ခုံ)
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန်တပ်စခန်းနှင့် နမ့်ဖတ်ကာ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော် TNLA အဖွဲ့က တိုက်ခိုက်ရာတွင် စကခ-၇ စကခမှူး ဗိုလ်မှူးချုပ်လင်းအောင်မိုး တိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်း သိရှိရသည်။
၂၀။ ဗိုလ်မှူးချုပ်အောင်ကျော်လွင် (တပ်မ ၉၉ တပ်မမှူး- မိတ္တီလာ)
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုး အခြေပြု တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ်/ ဗိုလ်မှူးကြီး အောင်ကျော်လွင် (DSA ၄၁)သည် မုံးကိုး အခြေပြုဗျူဟာစခန်းတွင် MNDAA ၏ ဒရုန်းဗုံးထိမှန်၍ သေဆုံးသွားခဲ့သည်။
၂၁။ ဗိုလ်မှူးချုပ်အောင်လွင် (ဒုတိယတိုင်းမှူး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်)
ယခုနှစ် ဩဂုတ်လအတွင်း မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်လွင်သည် စခန်းစွန့်ခွာထွက်ပြေး၍ စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးကာ ထောင်ဒဏ်ချမှတ် အရေးယူခဲ့သည်။
မှတ်ချက်။ ယခုဆောင်းပါးမှာ ဒီဇင်ဘာ ၂၉ ရက်နေ့ ခေတ်သစ်မီဒီယာတွင် ဖော်ပြသည့် သတင်းဆောင်းပါးကို ပြန်လည်ကိုးကား ရေးသားခြင်းဖြစ်သည်။