ပလက်ဝမြို့နယ်ရှိ စာသင်ကျောင်းများတွင် ရခိုင်စာသင်ကြားရန် ULA/AA ညွှန်ကြား

ပလက်ဝမြို့နယ်ရှိ စာသင်ကျောင်းများတွင် ရခိုင်စာသင်ကြားရန် ULA/AA ညွှန်ကြား

နိုဝင်ဘာ ၂၁၊ ၂၀၂၄။
ပလက်ဝမြို့နယ်အတွင်းရှိ စာသင်ကျောင်းများတွင် ULA/AA ကရေးဆွဲသည့် သင်ရိုးညွှန်းတမ်းအတိုင်း ရခိုင်ဘာသာစကားဖြင့် သင်ကြားရန် လိုက်လံစည်းရုံးနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များအရ သိရသည်။
ပလက်ဝမြိုနယ်အတွင်း ရခိုင်ဘာသာစကားဖြင့် စာသင်ကြားရမည့်အပြင် ရုံးသုံးဘာသာစကားကိုလည်း ရခိုင်ဘာသာစကား သတ်မှတ်မည်ဖြစ်ကြောင်း ဒေသခံရပ်မိရပ်ဖအချို့နှင့် အငြိမ်းစားပညာရေးဝန်ထမ်းများကို ခေါ် ဆောင်ပြီး ရွာစဉ်လှည့် စည်းရုံးနေကြောင်း သတင်းရရှိသည်။
“မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ…စတဲ့ ဘာသာရပ်တွေအပြင် တိုင်းရင်းစာပေပေါ့၊ ခူမီးရွာစာသင်ကျောင်းမှာ ခူမီးစာသင် အဲလိုလုပ်မယ်လို့တော့ပြောတယ်၊ စာသင်နှစ်ကိုတော့ ၆ လ သတ်မှတ်တယ်၊ အသုံးစရိတ်နဲ့ ဝန်ထမ်း ထောက်ပံ့တာကို ကိုယ်ထူကိုယ်ထစနစ်လုပ်မယ်လို့ ပြောတယ်…” ဟု ဒေသခံတစ်ဦးက ပြောသည်။
ပလက်ဝမြို့နယ်ကို အေအေထိန်းချုပ်ပြီးနောက်ပိုင်း စသင်ကျောင်းများ ပိတ်ထားခြင်းဖြစ်ပြီး ကျောင်းသူ/သား အချို့မှာ အိန္ဒိယနယ်စပ် စစ်ရှောင်စခန်းတွင်ဖွင့်လှစ်သည့် ပြည်သူ့ကျောင်းများတွင် သင်ကြားနေကြခြင်း ဖြစ် သည်။
Photo-Salai Benjamin
(မီဇိုရမ်ရှိစစ်ဘေးရှောင်ကျောင်းတနေရာ)

Leave a Reply

Your email address will not be published. Required fields are marked *