မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပဋိပက္ခဖြစ်ပွားမှုကို ညှိနှိုင်းရေးလမ်းစဉ်ဖြင့် ကြိုးပမ်းသွားဖြစ်ကြောင်း ထုတ်ပြန်
ဇန်နဝါရီလ ၃ ရက်၊ ၂၀၂၅။
မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၆-၁၇ ရက်နေ့တွင် မတူပီမြို့ နယ်လုံးဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးညီလာခံကို ကျင်းပခဲ့ပြီး ပဋိပက္ခဖြစ်ပွားမှုကို ညှိနှိုင်းရေးလမ်းစဉ် ဖြင့် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့ ထုတ်ပြန်သည်။
အဆိုပါညီလာခံတွင် ညီလာခံကိုယ်စားလှယ် ၅၇ ဦးတက်ရောက်ခဲ့ပြီး ချင်းပြည်အစိုးရ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်းနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်အတည် ပြုနိုင်ခဲ့ကြောင်း သိရသည်။
မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် ချင်းပြည်အစိုးရနှင့်ပူးပေါင်းပြီး ယန္တရားများလည်ပတ်သွား မည်ဖြစ်၍ တော်လှန်ရေးကို အားပေးထောက်ခံသည့် ပြည်တွင်း/ပ ရောက်ပြည်သူများအနေဖြင့် မိမိကျ ရာကဏ္ဍမှ ဆက်လက်ပါဝင်ပေးကြရန် တိုက်တွန်းကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။
သတင်း-ခူလင်း