အေအေတပ်ဖွဲ့ဝင်တစ်ဦး၏ ကန်ပက်လက်မြို့နယ်အတွင်း ဟောပြောချက်များ အွန်လိုင်းပေါ် ပြန့်

အေအေတပ်ဖွဲ့ဝင်တစ်ဦး၏ ကန်ပက်လက်မြို့နယ်အတွင်း ဟောပြောချက်များ အွန်လိုင်းပေါ် ပြန့်

ဇန်နဝါရီလ ၃ ရက်၊ ၂၀၂၅။
ကန်ပက်လက်-CDF နှင့် အေအေတပ်ဖွဲ့ဝင် အရာရှိတစ်ဦး၏ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ ကန် ပက်လက်မြို့နယ်၊ အမှတ် (၅) ဒေသ၊ ကန်လောင်းရွာတွင် လုထုစည်းရုံးဟောပြောချက်များ အွန်လိုင်း ပေါ်ပြန့်နှံ့လာသည်။
အဆိုပါ ဟောပြောပွဲတွင် ပါဝင်တက်ရောက်ခဲ့သူ (အမည်မဖော်လိုသူ) တစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရခြင်းဖြစ်ပြီး အချက် ၅ ချက်ပါဝင်သည့် အေအေအရာရှိဆိုသူ၏ ပြောဆိုချက်များမှာ ယခုကဲ့သို့ အွန်လိုင်းပေါ် ပြန့်နှံ့လာခဲ့ခြင်းဖြစ်သည်။
အေအေအရာရှိ၏ ပြောဆိုချက်တွင် ၁။ ချင်းအမျိုးသားတပ်မတော်CNAကို ကန်ပက်လက်မြို့နယ် အတွင်းမှ အပြီးသတ်ချေမှုန်းသွားမည်။ ၂။ ကန်ပက်လက်မြို့နယ်အတွင်းရှိ သဘာဝသယံဇာတများကို CB(ချင်းညီနောင်)နှင့် ULA/AAမှပူးပေါင်းတူးဖော်ရန်။ ၃။ ချင်းညီနောင်CBကို Armyအဖြစ်ပြောင်းလဲ ဖွဲ့စည်းပြီး ကမ္ဘာမှမပေးသေးသောလစာကို ULA/AAမှပေးရန်။ ၄။ ULA/AAမှ ကန်ပက်လက်နယ်ကို ဦးဆောင်ကာ အုပ်ချုပ်ရေးဖွဲ့စည်းရန်။ ၅။ ULA/AAအလိုမရှိကြောင်း ဆန္ဒပြသောပြည်သူများနှင့် Chinland ထောက်ခံသောပြည်သူများကို ချေမှုန်းသွားမည်… စသည့် အချက်များပါဝင်သည်။
သတင်း-ခူသေ့

Leave a Reply

Your email address will not be published. Required fields are marked *