မိုးရေးမြို့တွင် ကူကီး-ဇိုအမျိုးသမီးများ ငြိမ်းချမ်းစွာဆန္ဒပြ
ဇန်နဝါရီလ ၄ ရက်၊ ၂၀၂၅။
မဏိပူရ်ပြည်နယ်၊ တင်နိုပယ်ခရိုင် အိန္ဒိယ-မြန်မာနယ်စပ် မိုးရေးမြို့တွင် ရာနှင့်ချီသော ကူကီး-ဇို အမျိုးသမီးများ ဇန်နဝါရီ ၃ ရက်နေ့က ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်နေ့က ဆိုင်ဘိုလ်ဒေသတွင် အိန္ဒိယဗဟိုတပ်ဖွဲ့ တပ်ချထားမှုအပေါ် ကူကီး-ဇိုအမျိုးသမီးများ ကန့်ကွက်တားဆီးခဲ့ကြပြီး အဆိုပါ ဆန္ဒပြမှုကို CRPF နှင့် BSF တပ်ဖွဲ့ဝင်များက အကြမ်းဖက်နှိမ်နှင်းမှုကြောင့် အမျိုးသမီး ၆၄ ဦး ထိခိုက်ဒဏ်ရာရရှိပြီး တစ်ဦးမှာ မျက်လုံးတစ်ဘက် ခွဲထုတ်ခံရသည်အထိ ဖြစ်ပွားခဲ့သည်။
ဒီဇင်ဘာ ၃၁ ရက်နေ့က ကူကီး-ဇို စေတနာ့ဝန်ထမ်းများ၏ ဆိုင်ဘိုလ်ကင်းစခန်း အမှတ်(၁)ဂိတ်ကို အိန္ဒိယ CRPF နှင့် BSF တပ်ဖွဲ့ဝင်များက ဖျတ်ဆီးပြီး တပ်စွဲရန်ပြုလုပ်ရာမှ ကူကီး-ဇို အမျိုးသမီးနှင့် ပဋိပက္ခစတင်ဖြစ်ပွားခဲ့ခြင်းကြောင်း ဒေသအခြေစိုက်မီဒီယာများက ဖော်ပြကြသည်။
ယခုဖြစ်စဉ်နှင့်ပတ်သတ်ပြီး ကူကီး-ဇိုကောင်စီမှ အိန္ဒိယဗဟိုတပ်ဖွဲ့များ ဆိုင်ဘိုလ်ဒေသကနေ ထွက်ခွာပေးမှုမရှိမချင်း ဆက်လက်ဆန္ဒပြသွားမည်ဖြစ်ကြောင်းနှင့် အိန္ဒိယဗဟိုအစိုးရအနေဖြင့် အမြန်ဆုံး ဖြေရှင်းပေးရန် ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း- ခူသေ့