၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း တိုင်းရင်းသားဒေသတွင် အရပ်သားပြည်သူများအပေါ်ရိုက်ခက်မှုနှင့် စစ်ကောင် စီ တပ်စခန်းများကို သိမ်းပိုက်ထိန်းချုပ်နိုင်သည့် အခြေအနေ

 ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း တိုင်းရင်းသားဒေသတွင် အရပ်သားပြည်သူများအပေါ်ရိုက်ခက်မှုနှင့် စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ထိန်းချုပ်နိုင်သည့် အခြေအနေ

ဇန်နဝါရီလ ၄ ရက်၊ ၂၀၂၅။

ဖက်ဒရယ်ဂျာနယ် – မြန်မာ၊ သုတေသနအဖွဲ့က နွေဦးတော်လှန်ရေးကာလအတွင်း တိုင်းရင်းသားဒေသများ (ပြည် နယ်များ) တွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု၊ အိုးအိမ်ပျက်စီးမှုနှင့် စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့သည်များကို ယနေ့  ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် နေ့တွင် ထုတ် ပြန်ထားသည်။

တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများအတွင်း အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု ၁၀၄ ဦး ရှိပြီး ထိုသေဆုံးမှုများတွင် ကချင်ပြည်နယ် ၆၄ ဦး၊ ရခိုင်ပြည်နယ် ၂၂ ဦး၊ ကရင်ပြည်နယ် ၆ ဦး၊ ကရင်နီပြည်နယ် ၅ ဦး၊ ချင်းပြည်နယ် ၅ ဦးနှင့် ရှမ်းပြည်နယ် ၂ ဦး ဖြစ်ပြီး အရပ်သားနေအိမ် အိုးအိမ်ပျက်စီးမှုသည် ၄၀၃ အိမ်ကျော် ပျက်စီးခဲ့ကာ ရှမ်းပြည်နယ် ၁၇၅ အိမ်၊ ကရင်နီပြည်နယ် ၈၂ အိမ်၊ ချင်းပြည်နယ် ၆၅ အိမ်၊ ကရင်ပြည်နယ် ၁၆ အိမ်နှင့် ကချင်ပြည်နယ် ၁၅ အိမ် ပျက်စီးမှုရှိခဲ့ကြောင်း ဖော်ပြထားသည်။

တော်လှန်ရေးတပ်ဖွဲ့များ၏ ဒေသအသီးသီးများတွင် စစ်ကောင်စီတပ်စခန်း ၂၂ ခုနှင့် မြို့  ၆ မြို့ကို တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။ ဖယ်ဒရာယ်ဂျာနယ်သုတေသနအဖွဲ့က နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသအတွင်း ထိခိုက်ပျက်စီးမှု များကို အခါအားလျော်စွာ မှတ်တမ်းပြုစု အစီအရင်ခံထုတ်ပြန်ခြင်း ဖြစ်ပြီး လက်လှမ်းမီသလောက် မှတ်တမ်းတင်ထားခြင်းသာဖြစ်ပြီး မြေပြင်တွင် ထိုအရေအတွက်ထက် ပိုများနိုင် ကြောင်း ဆိုပါသည်။

ပြီးခဲ့သည့် ၄ လ (ဩ၊ စက်၊ အောက်၊ နို) အတွင်း အရပ်သားသေဆုံးမှု ၁၁၁၈ ဦး၊ နေအိမ်ပျက်စီးမှု ၂၄၁၂ အိမ် ရှိ  ကြောင်း က်ေဒရယ်ဂျာနယ် သုတေသနအဖွဲ့က ထုတ်ပြန်ခဲ့သည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *