တမူးမြို့သိမ်းတိုက်ပွဲ စတင်ဆင်နွှဲတော့မည့်သတင်းကြောင့် ဒေသခံအများအပြား ကြိုတင်တိမ်းရှောင်နေ

တမူးမြို့သိမ်းတိုက်ပွဲ စတင်ဆင်နွှဲတော့မည့်သတင်းကြောင့် ဒေသခံအများအပြား ကြိုတင်တိမ်းရှောင်နေ

ဇန်နဝါရီလ ၁၄ ရက်၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် တော်လှန်ရေးတပ်ဖွဲ့များမှ မြို့သိမ်းတိုက်ပွဲကို စတင်တော့မည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက်တွင် ဒေသခံများစွာ ဘေးလွတ်ရာသို့  နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

တမူးမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များက မကြာမီမြို့သိမ်းတိုက်ပွဲ ဆင်နွှဲကြမည်ဆိုသည့်သတင်း ထွက် ပေါ်နေသည်မှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ နှစ်သစ်အစပိုင်းတွင် ဒေသခံများအကြား ပြန့်နှံ့လာကာ လဆန်းပိုင်း ကတည်းက တန်ဖိုးကြီးပစ္စည်းများကို ကြိုတင်ရွှေ့ပြောင်းမှုများပြုလုပ်လာကြပြီး ယခုရက်ပိုင်းအတွင်း ဒေသခံ များအနေဖြင့် စိုးရိမ်မှုများပိုမိုမြှင့်တက်လာကာ နီးစပ်ရာ အိန္ဒိယနိုင်ငံအတွင်း၊ ကလေးမြို့နယ်အတွင်းနှင့် တမူးမြို့ နယ်အတွင်းရှိ ဘေးလွတ်သည့်ရပ်ရွာများသို့ နေ့စဉ် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

တမူးမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား စစ်ရေးပြင်းထန်သည့်နိုင်သည့်အတွက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကာလမှစ၍ ဒေသခံအများအပြား ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်မှု ပိုမိုများပြားလာပြီး ယခုအချိန်တွင် တော်လှန်ရေးတပ်ဖွဲ့များမှ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမည့်သတင်းကြောင့် ဒေသခံ အများအပြား နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

 

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *