ချင်းကာကွယ်ရေးတပ် – အရှို ၏ တပ်တည်ထောင်ခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ်နေ့ သဘောထားထုတ်ပြန်
ဇန်နဝါရီလ ၂၁ ရက်၊ ၂၀၂၅။
ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) တပ်ဖွဲ့ကို ဖွဲ့စည်းတည်ထောင်သည့် ၂ နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ် သည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် သဘောထားထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်တွင် ချင်းကာကွယ်ရေးတပ် – အရှိုသည် တော်လှန်ရေးကာလအတွင်း အသက်ခန္ဓာပေးသွားခဲ့ရ သည့် အာဇာနည် ရဲဘော်များကို အလေးနီပြုပြီး ၂ နှစ်တာကာလအတွင်း အခက်အခဲ ဆင်းရဲပင်ပန်းမှုဒဏ်ကို ကြံ့ကြံ့ခံခဲ့ကြသည့် ရဲဘော်ရဲဘက်များကို လေးစားဂုဏ်ပြု မှတ်တမ်းတင်ကြောင်း ဖော်ပြသည်။
နွေဦးတော်လှန်ရေးကာလအတွင်း လက်နက်ကိုင်လမ်းစဉ်အရ တွေ့ကြုံခဲ့ရသော ဖြစ်ရပ်များအား ဝေဖန်သုံးသပ် လျက် ပြည်သူလူထု၏ တည့်မတ်ထိန်းကြောင်းမှုကိုခံယူကာ ပြည်သူကိုအကာအကွယ်ပြုရန်၊ ပြည်သူမှယုံကြည် အားကိုးရသော တပ်တော်တစ်ခုဖြစ်ရန် ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံဩဇာအာဏာ တည်ထောင်ခြင်းနှင့် လူမျိုးကြီးဝါဒကို ကျင့်သုံးမည်မဟုတ်ကြောင်း ဖော်ပြသည်။
ချင်းကာကွယ်ရေးတပ် – အရှို သည် ဆက်လက်၍ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ အဖိနှိပ်ခံပြည်သူတစ်ရပ်လုံးကို ကာကွယ်သွားရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
သတင်း – James Roe