ကလေးမြို့တောင်ပိုင်းကို စစ်ကောင်စီတပ်မှ ဗုံးကြဲချ၍ တစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရ

ကလေးမြို့တောင်ပိုင်းကို စစ်ကောင်စီတပ်မှ ဗုံးကြဲချ၍ တစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရ

ဖေဖော်ဝါရီလ ၂၀ ရက်၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ဒိုးနွယ်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်မှ ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက်ပိုင်းတွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ကြောင်း သိရသည်။

ဒိုးနွယ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်မှုကြောင့် အသက် ၆၂ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး ကလေးသူငယ်များနှင့် အမျိုးသမီးများအပါအဝင် ခုနစ်ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။

ကလေးမြို့နယ်တောင်ပိုင်း၊ ဒိုးနွယ်ကျေးရွာသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် အပြစ်မဲ့ပြည်သူများအား တိုက်ခိုက်ခြင်းဖြစ်ပြီး ကလေးမြို့ရှိ စစ်ကောင်စီတပ်စခန်းမှလည်း လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်မှ ကလေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများတွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကြောင့် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် တင်သားနှင့် ကုက္ကိုလ်ကျေးရွာတို့တွင်  ကလေးငယ်များ အပါအဝင် ပြည်သူ ၁၁ ဦး သေဆုံးခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် တင်သားကျေးရွာမှ အမျိုးသား တစ်ဦး သေဆုံးခဲ့ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် သံဖိုနှင့် ကျော်ရွာရှိ ဒေသခံ ခုနစ်ဦး သေဆုံးခဲ့ရသည့်အပြင် ထိခိုက်ဒဏ်ရာရရှိသူများနှင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှုများ ရှိကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *